ကျေးဇူး တော်ရှင်အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော် ဘုရား ကြီး လင်္ကာဆောင်ပုဒ်များ ****************************** *************************
(၁)
ငါသည်မုချသေရမည်။အချိန်ပိုင်းသာလိုတော့သည်။
အသေမဦးခင် ဉာဏ်ဦးအောင် အားထုတ်ပါတော့မည်။
(၂)
လက်ရှိခန္ဓာ၊မတွယ်တာနှင့်
နောင်လာဘဝ၊မတောင့်တဘဲ၊
ကြောင့်ကြစွဲဖြင့်၊အမြဲမပြတ်၊
ဝိပဿနာ၊လေ့လာကြိမ်ကြိမ်၊
အာစိဏ္ဏကံ၊ဖြစ်ကြောင်းမှန်မူ၊
ထိုသည့်သူကား၊ အယူမလွဲ၊ ဂတိမြဲ၏။
(၃)
မီးစွဲလောင်မှ၊ရေကို တ-သော်၊
မရဖြစ်အင်၊ ပုံနှိုင်းယှဉ်၍၊
မဂ္ဂင်သန္ဓေ၊ တည်မြဲနေအောင်၊
မသေခင်က၊ ပြင်ဆင်တောက်လျှောက်၊ မေ့မပျောက်နှင့်။
(၄)
ချွေးပေါက်ယိုစီး၊သေခါနီးဝယ်၊အပြီးမုချ၊မဂ္ဂင်ရလိမ့်။
(၅)
ကိစ္စမလျော်၊အကြောင်းပေါ်၍၊
မတော်တဆ၊မဂ်မရအုံး၊
ဘဝအစွန်၊တမလွန်တွင်၊
ထူးချွန်အံ့လောက်၊နတ်ပြည်ရောက်၍၊
မဖောက်မပြန်၊ သောတာပန်စစ်၊ ဧကန်ဖြစ်မည်၊
မလစ်ဝိပဿနာ၊ အကျိုးပေတည်း။
***ကောက်နုတ်ချက်*** ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏သစ္စာအနက် (၁၆)ချက် စာအုပ်မှ ကောက်နုတ်ပူဇော်ပါသည်။
Dhamma Dãna Source: ထေရဝါဒရနံ့ -
No comments:
Post a Comment