Showing posts with label ကဗျာများ. Show all posts
Showing posts with label ကဗျာများ. Show all posts

Friday, January 3, 2014

ငယ်ချစ်ဦး

ငယ်ချစ်ဦး

တစ်သက် တစ်ခါ ၊ တစ်လွှာ တစ်ရွက် တစ်ခက် တစ်ပွင့် ၊ ငုံအဆင့်မို့ ရင့်လို့ပဲ ဝါဝါ ညှာတံပဲ ပြုတ်ပြုတ် ဖြုတ်ခနဲပဲ ကြွေကြွေ မြေမှာပဲ ရောက်ရောက် ဖွဖွလေးကောက်လို့ ပန်းခြောက်လေးဘဲ မြတ်နိုးမယ်...။
မောင်စိန်ဝင်း (ပုတီးကုန်း)

Thursday, January 2, 2014

MIT

MIT

ဝေးခဲ့တဲ့အမိမြေ တမာရွက်ကြွေတွေအောက်က မြေနီလမ်းတွေပေါ်မှာ ငါတို့ ခြေရာတွေရှိတယ်။

Hဆောင် Bဆောင်တွေမှာ ငါတို့ သမိုင်းတွေရှိတယ် ငါတို့ ၀ိုင်းတွေရှိတယ်။

မန်းချယ်ရီမှာ ငါတို့ ဂစ်တာသံတွေ ငါတို့ သီချင်းသံတွေ ငါတို့??တွေရှိတယ်။

ထရံကာ ကပ်မိုးကင်တင်းမှာ ငါတို့ အကြွေးတွေရှိတယ် တွတ်ပီရှိတယ် ရှမ်းမလေးရှိတယ် B & W ရှိတယ် ဆရာမ ရှိတယ် ဒေါ်ဂွက်ကတော့အခုထိရှိသေးတယ်။

ဝပ်ရှော့တွေမှာ ငါတို့ welcome တွေရှိတယ် ငါတို့ ဆရာပူဇော်ပွဲတွေရှိတယ်။

ကျောင်းဆေးခန်းမှာ ဆရာဝန်မရှိတတ်ပေမဲ့ နပ်စ် မလှလှလေးရှိတယ်။

ဆက်သွယ်ရေးရုံးမှာ ငါတို့ စာအဟောင်းတွေရှိတယ် သူ့နံရံက နားတွေမှာ ဖုန်းပြောသံတွေသိမ်းထားတယ်။

ရုံးစိမ်းလေးမှာ တို့ဆရာကြီး ရှိတယ်။

၎ပုံ၃ပုံ main building မှာ ငါတို့ ဘွဲ့နှင်းသဘင်ရှိတယ်။

မြောင်းမကြီးမှာ ငါတို့ အ၀တ်လျှော်သံ ရေကူးသံတွေရှိတယ်။

ရန်ကင်းတောင်ခြေမှာ ငါတို့ ဖောက်သည်တွေရှိတယ်။

ထန်းတောထဲမှာ ငါတို့ ပဲလှော်တွေ ကြွက်ကြော်တွေရှိတယ်။

သရက်တောမှာ ငါတို့ ချစ်သူတွေရှိတယ်။

အခုတော့ ငါတို့ မရှိတောတဲ့နေရာ မှီတွယ်ဘူးတဲ့အမိကျောင်း ပြန်ပြောင်းသတိရရင်း ငယ်ချင်လာတယ်သူငယ်ချင်း။ ။

မိုးနိုင် (2013)

Wednesday, January 1, 2014

“ ဂုဏ်အလှ “ ( ဆရာဇော်ဂျီ )

“ ဂုဏ်အလှ “ ( ဆရာဇော်ဂျီ )

ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း မင်း၏သားငယ် သက်နှစ်ဆယ်သည် ဘယ်ဂုဏ်မျိုးကို ကြိုက်သနည်း ။

ရွှေဂုဏ်ငွေဂုဏ် ရာထူးဂုဏ်သည် လူ့ဘုံလောက အကာမျှတည့် သူကငြူစူ မကြည်ဖြူ၍ ခွာယူလိုက ခွာ၍ရ ။

ရိုးဂုဏ်ဖြောင့်ဂုဏ် ယဉ်ကျေးဂုဏ်သည် လူ့ဘုံလောက နှစ်သာရတည့် သူကငြူစူ မကြည်ဖြူလည်း ခွာယူမရ ကွာမကျ ။

Friday, December 13, 2013

ကွမ်းယာဆိုင်ကလေး

"ကွမ်းယာဆိုင်ကလေး"


သူလေးကတော့ ပြုံးလို့။


တောင်ပေါ် မြေက ဆံပင်ရှည်ရှည် ပါးနီနီ့  နန်းဆန်သူလေးကတော့ ပြုံးလို့။


ခင်ဗျားတို့ရဲ့ နှလုံးသား အစိမ်းရွက်တွေကို ဖြူစင်တဲ့ လက်ချောင်းရှည်ရှည် လက်သည်းချွန်ချွန်နဲ့ တဘဝလုံးမူးရူးသွားအောင် ထုပ်ပိုးပြပါလိမ့်။


အရှေ့အနောက်တောင်မြောက် အထက်အောက်စုန်ဆန်နေကြပြီ့း တရွာတကျီ ဆောက်ချင်ကြတဲ့ အရည်မရ အဖတ်မရ သွားမည်းမည်းလူကြီးတွေ က ဆံရှည်လေးကို အရည်ရရ အဖတ်ရရ တဲ့ဗျာ။


ရင်မောဖွယ် အပြောင်အပျက် သားပြောမယားပြော မျက်လုံးနဲ့ပါးစပ်တွေ အိုင်တွေ့ရင်ခြေဆေးချင်ကြပါလိမ်


အညှီရှိရာယင်အုံတာ သိများသိပါလေစ။


မတူပါဘူးရှင် တန်ဖိုးထားတာချင်း မတူုပါဘူး။


ရှင့်ရဲ့စိုးရိမ်ပူပန်မှု အတွက်တော့ ကျေးဇူးတင်ပါသတဲ့။


ကျမသိတာကတော့ အရောင်းအဝယ်ပါပဲ ဗြောင်းဆန်နေတဲ့ လောကဓံထဲ သမုဒ္ဒရာဝမ်းတထွာအတွက် စကားတွေကိုထိန်းညှိ အပြုံးတုတွေဖော်ရွေ ရေလိုက်ငါးလိုက်ဆိုတဲ့ တနေဝင်တနေထွက်မှာ အသက်ဆက်ဖို့ အရေးကြီးတာမို့ ရှင်မပါတဲ့လမ်း ကျမရွေးစမ်းပါရစေရှင်။


-ဂျွန်နီနီသန်း